Skip to Content

Penfolds Bin 407 Cabernet Sauvignon 2022

https://www.dtwomart.com/web/image/product.template/2677/image_1920?unique=f9875d3
Penfolds Bin 407 ကတော့ Penfolds ရဲ့ Bin Series တွေထဲမှာ Shiraz မဟုတ်ဘဲ Cabernet Sauvignon သီးသန့်ကိုမှ အကောင်းဆုံး ခံစားချင်သူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
သူ့ကို ၁၉၉၀ ပြည့်နှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး၊ Bin 707 (Penfolds ရဲ့ အကောင်းဆုံး Cabernet) ရဲ့ ညီငယ်လေးလို့တောင် တင်စားကြပါတယ်။ 
၁။ စပျစ်မျိုးစိတ် (Varietal)
Bin 407 ဟာ ၁၀၀% Cabernet Sauvignon ဖြစ်ပါတယ်။ Shiraz မပါဝင်တဲ့အတွက် Shiraz ဝိုင်တွေထက်စာရင် ပိုပြီး တည်ငြိမ်တယ်၊ တည်ဆောက်ပုံ (Structure) ပိုခိုင်မာတယ်လို့ ခံစားရမှာပါ။

၂။ ဝိုင်ရဲ့ ဝိသေသလက္ခဏာများ (Characteristics)
  • Multi-regional Blend: တောင်ဩစတေးလျရဲ့ နာမည်ကြီးဒေသတွေဖြစ်တဲ့ Coonawarra, McLaren Vale, Barossa Valley စတဲ့ နေရာအသီးသီးက အကောင်းဆုံး Cabernet တွေကို ပေါင်းစပ်ထုတ်လုပ်ထားတာပါ။
  • Oak Barrel: Bin 407 ရဲ့ ထူးခြားချက်က French Oak နဲ့ American Oak စည်နှစ်မျိုးလုံးကို အသုံးပြုပြီး အမြဲ (Ageing) ထားတာဖြစ်လို့ အရသာက ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးပါတယ်။
၃။ အရသာနှင့် အနံ့ (Tasting Notes)
  • အနံ့: Blackcurrant (စပျစ်နက်)၊ ပူစီနံ (Mint)၊ အရွက်စိမ်းနံ့ (Eucalyptus) နဲ့ Oak ကလာတဲ့ သစ်သားနံ့သင်းသင်းလေး ပါဝင်ပါတယ်။
  • အရသာ: ပါးစပ်ထဲမှာ တင်းရင်းတဲ့ Tannin ဓာတ်ကို ခံစားရမှာဖြစ်ပြီး၊ အက်ဆစ်ဓာတ် (Acidity) ကလည်း အားကောင်းပါတယ်။ အရသာက ပြတ်သားပြီး (Elegant) ဖြစ်ပါတယ်။

470,000.00 K 470000.0 MMK 470,000.00 K

Not Available For Sale

This combination does not exist.

Terms and Conditions
Shipping: 2-3 Business Days