Skip to Content

Aussieres Chardonnay 75cl

https://www.dtwomart.com/web/image/product.template/7169/image_1920?unique=7ebadb9

1. Background Story & Concept

  • The Lafite Royal Lineage: ကမ္ဘာကျော် $1,000 ကျော်တန် "Château Lafite Rothschild" ဝိုင်နီကို ထုတ်လုပ်တဲ့ Rothschild မိသားစုက ၁၉၉၉ ခုနှစ်မှာ ပြင်သစ်တောင်ပိုင်း Languedoc ဒေသက သမိုင်းဝင် Château d'Aussières (ရှာတို ဒီ အိုစီးယဲရ်) စိုက်ခင်းကြီးကို ဝယ်ယူခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ Lafite ရဲ့ နှစ်ပေါင်းရာချီ သန့်စင်တဲ့ ဝိုင်ချက်နည်းပညာကို သုံးပြီး ပြင်သစ်တောင်ပိုင်းရဲ့ ရာသီဥတုအောက်မှာ လန်းဆန်းပြီး သစ်သီးရနံ့ ကြွယ်ဝတဲ့ အကောင်းဆုံး ဝိုင်ဖြူတစ်ခွက် ဖန်တီးဖို့ ဖြစ်ပါတယ်။

  • Coolest Plots Selection: Aussières စိုက်ခင်းထဲကမှ အေးမြဆုံးသော တောင်စောင်းအပိုင်း (Coolest plots) တွေက Chardonnay စပျစ်သီးတွေကိုပဲ ရွေးချယ်ခူးဆွတ်ပါတယ်။ နေမပူခင် မနက်မိုးမလင်းခင် အအေးဆုံးအချိန်မှာ လက်နဲ့ ဂရုတစိုက် ခူးဆွတ်တာကြောင့် စပျစ်သီးရဲ့ သဘာဝအချဉ်ဓာတ်နဲ့ လတ်ဆတ်မှုကို အပြည့်အဝ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

2. Tasting Notes (အရသာနှင့် အနံ့ လက္ခဏာများ)

  • Appearance (အသွင်အပြင်): ကြည်လင်တောက်ပပြီး စိမ်းဖန့်ဖန့် အရိပ်အယောင်လေးတွေ သန်းနေတဲ့ ရွှေဝါရောင်ဖျော့ဖျော့ (Brilliant Pale Gold with Green highlights) ရှိပါတယ်။

  • Nose (အနံ့): အလွန်မွှေးပျံ့ပြီး Expressive ဖြစ်ပါတယ်။ Pink Grapefruit (ဂရိတ်ဖရုသီး)White Peach (ပန်းသီးအနု/မက်မွန်သီးဖြူ) ရနံ့တွေနဲ့အတူ ရှောက်သီး၊ လိမ္မော်ပွင့် (White Flowers) ရနံ့နှင့် Aniseed (ဇီယာစိမ်း)၊ ထောပတ်မုန့် (Brioche) ရနံ့သင်းသင်းလေးတွေက ဆန်းပြားစွာ ပေါင်းစပ်နေပါတယ်။

  • Palate (ခံတွင်းတွေ့အရသာ): Medium-bodied ရှိပြီး ခံတွင်းထဲမှာ အလွန်ဝိုင်းစက်ပါတယ်။ သမန် Chardonnay တွေလို အီမွှန်မနေဘဲ ပြတ်သားပြီး တက်ကြွတဲ့ အချဉ်ဓာတ် (Lively & Refreshing Acidity) ရှိပါတယ်။ ဝိုင်ရဲ့ အစိတ်အပိုင်းအချို့ကို သစ်သားစည် သို့မဟုတ် အနည် (Lees) ပေါ်မှာ အနည်းငယ် ရင့်ကျက်စေခဲ့လို့ လျှာပေါ်မှာ Cremy & Elegant Texture (ခပ်အိအိ ဆိမ့်မွှေးမွှေးအရသာ) ကို တစ်ပြိုင်တည်း ခံစားရပါတယ်။

  • Finish (နောက်ဆုံးကျန်ရစ်မည့်အရသာ): Crisp and Clean ဖြစ်ပါတယ်။ သောက်ပြီးသွားတဲ့အခါ ခံတွင်းထဲမှာ သရက်သီး၊ နာနတ်သီးလို Exotic သစ်သီးရနံ့တွေနဲ့အတူ သန့်ရှင်းလန်းဆန်းတဲ့ သဘာဝကျောက်ဆောင် (Mineral core) အနုစားလေး ကျန်ရစ်စေပါတယ်။

3. Drinking Style & Food Pairings (သောက်သုံးနည်းနှင့် လိုက်ဖက်မည့် အစားအစာ)

  • Serving Temperature: ဝိုင်ဖြူရဲ့ ထုံးစံအတိုင်း အေးအေးလေး သောက်မှ ကောင်းပါတယ်။ 10°C မှ 12°C ဝန်းကျင် (ရေခဲပုံးထဲ မိနစ် ၂၀ ခန့် စိမ်ထားပြီး သို့မဟုတ် 'Ice Box' ထဲ ထည့်ပြီး) သောက်သုံးရန် အကောင်းဆုံး ဖြစ်ပါတယ်။

  • No Decanting Needed: ပုလင်းဖွင့်ပြီးချင်း ဖန်ခွက်ထဲ တန်းထည့်ပြီး ချက်ချင်း သောက်သုံးနိုင်ပါတယ်။

  • Food Pairings (စားသောက်ကုန်တွဲဖက်မှု):

    • ဝိုင်ရဲ့ လတ်ဆတ်တဲ့ Acidity ဓာတ်က ပင်လယ်စာတွေရဲ့ ညှီနံ့ကို အကောင်းဆုံး ဖျောက်ဖျက်ပေးပါတယ်။

    • ပင်လယ်စာများ (Sea Food)၊ ငါးကင်၊ ပုစွန်တုပ်ကင်၊ ကမာကောင် (Oysters)၊ ဆော်လ်မွန်ငါး တို့နှင့် အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

    • ကြက်သားကင်၊ ဝက်သားအသားလွှာကင်၊ အရသာ ခပ်ပေါ့ပေါ့ ပါစတာ (Creamy or White sauce pasta) သို့မဟုတ် ဒိန်ခဲ (Soft Cheese) တို့နှင့်လည်း ရှယ်တွဲဖက်မှု ဖြစ်ပါတယ်။

    • မိန်းကလေးများအကြိုက် အစာပြေ Apéritif (Welcome Drink) အဖြစ် သီးသန့် သောက်ဖို့အတွက်လည်း အလွန်အဆင်ပြေပါတယ်။

80,000.00 K 80000.0 MMK 80,000.00 K

Not Available For Sale

This combination does not exist.

Terms and Conditions
Shipping: 2-3 Business Days