Laphroaig Four Oak 1L
Laphroaig Four Oak (1L) ဆိုတာ Islay (အိုင်လေး) ဒေသထွက် Single Malt Scotch Whisky အမျိုးအစားဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေအတွက် Travel Retail Exclusive (Duty-Free သီးသန့်) အနေနဲ့ အဓိက ထုတ်လုပ်ထားတဲ့ ပုလင်းကြီး ဖြစ်ပါတယ်ရှင့်။Laphroaig ရဲ့ ထုံးစံအတိုင်း Peated (မီးခိုးနံ့ပြင်းပြင်း) ပုံစံဖြစ်ပြီး စည် (၄) မျိုးနဲ့ အရသာဖော်စပ်ထားလို့ "Four Oak" လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။
Laphroaig Four Oak (1L) Product Knowledge
၁။ Four Oak ရဲ့ ထူးခြားချက် - စည် (၄) မျိုးဖြင့် အရသာသွင်းခြင်း (The Four Casks)
ဒီဝီစကီကို မတူညီတဲ့ သစ်သားစည် (Oak Casks) ၄ မျိုးထဲမှာ အချိန်ယူ ရင့်မှည့်စေခဲ့တာကြောင့် အရသာ ပိုမိုနက်ရှိုင်းပြီး ရှုပ်ထွေးဆန်းသစ်တဲ့ အရသာကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။
- Ex-Bourbon Barrels: အမေရိကန် ဘော်ဘွန်ဝီစကီ ထည့်ခဲ့တဲ့စည် (ဗနီလာနှင့် ကာရာမဲလ် အချိုနံ့ ပေးသည်)
- Small Quarter Casks: သေးငယ်တဲ့ စည်အမျိုးအစား (ဝီစကီနှင့် သစ်သား ထိတွေ့မှုများပြီး ပိုမိုပြင်းရှ၍ ရင့်မှည့်မှု မြန်စေသည်)
- Virgin American Oak Casks: အသစ်စက်စက် အမေရိကန် ဝက်သစ်ချစည် (သစ်သားရနံ့နှင့် စပ်ရှိန်းရှိန်း အရသာကို ပေးသည်)
- European Oak Oloroso Sherry Butts: ဥရောပ ရှယ်ရီဝိုင် ထည့်ခဲ့တဲ့စည် (သစ်သီးခြောက် အရသာနှင့် အရောင်ကို ပိုမိုရင့်စေသည်)
၂။ အရသာနှင့် အနံ့ လက္ခဏာများ (Tasting Notes)
Laphroaig ကို သောက်ဖူးသူတွေက "ချစ်ရင်လည်း အသက်ထက်ဆုံးချစ်၊ မုန်းရင်လည်း လှည့်မကြည့်တဲ့ဝီစကီ" (Love it or Hate it) လို့ တင်စားကြပါတယ်။ အရသာက အလွန်ထူးခြားလို့ပါ -
- အနံ့ (Nose): မီးခိုးနံ့ (Peat Smoke) ပြင်းပြင်း၊ စိုစွတ်သော သစ်သားနံ့၊ ပင်လယ်ရေညင်းရနံ့ (Brine) နှင့် ဆေးပတ်တီး သို့မဟုတ် ဆေးရည်နံ့ကဲ့သို့ ထူးခြားသော (Medicinal) ရနံ့။ နောက်ခံတွင် ဗနီလာအချိုနံ့ သင်းသင်း ပါဝင်သည်။
- အရသာ (Palate): ပထမဆုံး သောက်လိုက်လျှင် အုန်းသီးကဲ့သို့ အဆီအဆိမ့် အရသာ၊ စန္ဒကူးနံ့၊ ထင်းရှူးစေးနံ့နှင့် ရှယ်ရီဝိုင်စည်မှရသော အသီးအနှံအချို အရသာတို့ ပေါင်းစပ်နေသည်။
- အာာခေါင်ကျန်အရသာ (Finish): အလွန်ရှည်လျားပြီး ဆားငန်ငန်၊ မီးခိုးနံ့ သင်းသင်းနှင့် စပ်ရှိန်းရှိန်း အရသာတို့ အာခေါင်ထဲ စွဲကျန်ရစ်သည်။